Friday, October 12, 2018

ရေးဖြစ်​ခဲ့​သောလင်္ကာနှင့်​ စီဖြစ်​ခဲ့​သော ဂါထာ(၆)ပုဒ်

ရေးဖြစ်​ခဲ့​သောလင်္ကာနှင့်​ စီဖြစ်​ခဲ့​သော ဂါထာ(၆)ပုဒ်
*********
သီတင်​သုံး​ဖော်​တို့ မချစ်​မမြတ်​နိုး​သောရဟန်း၏ အင်္ဂါ(၈)ပါး
*******
(​ဆောင်​)
ချီးမွမ်း-ကဲ့ရဲ့, လာဘ်​-သက်​​မျှော်​နေ၊
ရှက်​-​ကြောက်​မရှိ, လိုဆိုးရှိ​လေ၊
အယူလွဲမှား, အင်္ဂါရှစ်​​ထွေ၊
တည်​ရှိငြား, ​ဖော်​များ မချစ်​​ပေ။

ဂါထာ
****
အဋ္ဌဓမ္မေဟိ သမ္ပ​န္နော၊
ပိ​ယော သဗြဟ္မစာရီနံ။
န ​ဟောတိ စ မနာပေါ စ၊
ဂရု​ကော ဘာဝနီယော စ။ (ဝတ္တဂါထာ)

ကတမေဟိ စ အဋ္ဌဟိ?
သာသ​နေ ဘိက္ခဝေ ဘိက္ခု။
ပသံသီ ​ဟောတိ အပ္ပိယံ၊
ပိယဉ္စ ဂရဟီ ​ဟောတိ။(ဝိပရိပထျာဝတ္တဂါထာ)

လာဘသက္ကာရကာ​မော စ၊
အဟိရီ​ကော အနောတ္တပ္ပီ။
မိစ္ဆာဒိဋ္ဌိ စ ပါပိစ္ဆော။
ဣမေဟိ အဋ္ဌဓ​မ္မေဟိ။ (ဝတ္တဂါထာ)
*********

သီတင်​သုံး​ဖော်​တို့ ချစ်​မြတ်​နိုး​သောရဟန်း၏ အင်္ဂါ(၈)ပါး
********
(​​ဆောင်​)
မချီးမမွမ်း-မကဲ့ရဲ့​ပေ၊
လာဘ်​-သက်​မ​မျှော်​, ရှက်​-​ကြောက်​ရှိ​နေ၊
အလိုနည်းလျက်​, ယူလည်းမှန်​​လေ။
ဤရှစ်​ပါး ချစ်​ကြ အ​ဖော်​​တွေ။

ဂါထာ
*****
အဋ္ဌဓမ္မေဟိ သမ္ပ​န္နော၊
ပိ​ယော သဗြဟ္မစာရီနံ။
ဟောတိ ​စေဝ မနာပေါ စ၊
ဂရု​ကော ဘာဝနီယော စ။ (ဝတ္တဂါထာ)

ကတမေဟိ စ အဋ္ဌဟိ?
သာသ​နေ ဘိက္ခဝေ ဘိက္ခု။
ပသံသီ ​ဟောတိ နာပ္ပိယံ၊
န ပိယံ ဂရဟီ ​ဟောတိ။(ဝိပရိပထျာဝတ္တဂါထာ)

လာဘသက္ကာရကာ​မော န၊
ဟိရီမာ ​ဟောတိ သြတ္တပ္ပီ။
သမ္မာဒိဋ္ဌိ အပိစ္ဆော စ။
ဣမေဟိ အဋ္ဌဓ​မ္မေဟိ။ (ဝတ္တဂါထာ)
############

ပဌမအပ္ပိယသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
ပဌမအပ္ပိယသုတ်​လာ
သီတင်​သုံး​ဖော်​တို့ မချစ်​မမြတ်​နိုး​သောရဟန်း၏ အင်္ဂါ(၈)ပါး

အဋ္ဌဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဘိက္ခု သဗြဟ္မစာရီနံ အပ္ပိယော စ ဟောတိ အမနာပေါ စ အဂရု စ အဘာဝနီယော စ။ ကတမေဟိ အဋ္ဌဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု အပ္ပိယပသံသီ စ ဟောတိ, ပိယဂရဟီ စ, လာဘကာမော စ, သက္ကာရကာမော စ, အဟိရိကော စ, အနောတ္တပ္ပီ စ, ပါပိစ္ဆော စ, မိစ္ဆာဒိဋ္ဌိ စ။ ဣမေဟိ ခေါ, ဘိက္ခဝေ, အဋ္ဌဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု သဗြဟ္မစာရီနံ အပ္ပိယော စ ဟောတိ အမနာပေါ စ အဂရု စ အဘာဝနီယော စ။
(အံ၊ ၃၊ ၆)
################.
အဋ္ဌဓမ္မေဟိ သမ္ပ​န္နော၊
ပိ​ယော သဗြဟ္မစာရီနံ။
န ​ဟောတိ စ မနာပေါ စ၊
ဂရု​ကော ဘာဝနီယော စ။ (ဝတ္တဂါထာ)

ကတမေဟိ စ အဋ္ဌဟိ?
သာသ​နေ ဘိက္ခဝေ ဘိက္ခု။
ပသံသီ ​ဟောတိ အပ္ပိယံ၊
ပိယဉ္စ ဂရဟီ ​ဟောတိ။(ဝိပရိပထျာဝတ္တ)

လာဘသက္ကာရကာ​မော စ၊
အဟိရီ​ကော အနောတ္တပ္ပီ။
မိစ္ဆာဒိဋ္ဌိ စ ပါပိစ္ဆော။
ဣမေဟိ အဋ္ဌဓ​မ္မေဟိ။ (ဝတ္တဂါထာ)

ဂါထာအနက်
အဋ္ဌဓမ္မေဟိ-ရှစ်​ပါး​သောတရားတို့နှင့်​၊
သမ္ပ​န္နော-ပြည့်​စုံ​သောရဟန်းသည်​။
သဗြဟ္မစာရီနံ-သီတင်းသုံး​ဖော်​တို့၏။
ပိ​ယော စ-ချစ်​အပ်​သူသည်​လည်း​ကောင်း၊
မနာပေါ စ-မြတ်​နိုးအပ်​သူသည်​လည်း​ကောင်း၊
ဂရု​ကော စ-အ​လေးဂရုပြုအပ်​သူသည်​လည်း​ကောင်း၊
ဘာဝနီယောစ- စိတ်​နှလုံးကို ပွား​စေတတ်​သူသည်​လည်း​ကောင်း၊ ဝါ-ချီးမွမ်းထိုက်​သူသည်​လည်း​ကောင်း၊
န ​ဟောတိ-မဖြစ်​။

ကတမေဟိ စ အဋ္ဌဟိ-အဘယ်​ရှစ်​ပါးတို့နည်း ဟူမူကား။
ဘိက္ခဝေ-ရဟန်းတို့။
သာသ​နေ-သာသနာ​တော်​၌၊
ဘိက္ခု-ရဟန်းသည်​။
အပ္ပိယံ-မချစ်​အပ်​သူကို။
ပသံသီ စ-ချီးမွမ်း​လေ့ရှိသည်​လည်း​ကောင်း၊
ပိယံ-ချစ်​အပ်​သူကို၊
ဂရဟီ စ-ကဲ့ရဲ့​လေ့ရှိသည်​လည်း​ကောင်း၊
လာဘကာ​မော စ-ပစ္စည်းလာဘ်​ကို လိုလား သည်​လည်း​ကောင်း၊
သက္ကာရကာ​မော စ-ရို​သေသမှု ​ကောင်းစွာပြုစုမှုကို လိုလားသည်​လည်း​ကောင်း၊
အဟိရိကော စ-အကုသိုလ် ဒုစရိုတ်​ကို​မစက်​ဆုပ်သည်​လည်း​ကောင်း၊
အနောတ္တပ္ပီ စ-အကုသိုလ် ဒုစရိုတ်​​ကြောင့်​ မ​ကြောက်​လန့်​သည်​လည်း​ကောင်း၊
ပါပိစ္ဆော စ-ယုတ်​မာ​သောအလိုရှိသည်​လည်း​ကောင်း၊
မိစ္ဆာဒိဋ္ဌိ စ-​ဖောက်​ပြန်​မှားယွင်း​သော အယူရှိသည်​လည်း​ကောင်း၊
ဟောတိ-ဖြစ်​၏။

ဣ​မေဟိ အဋ္ဌဓမ္မေဟိ-ဤတရားရှစ်​ပါး​တို့တည်း။
#############
(​ဆောင်​)
ပသံသီ ဂရဟီ ​စေဝ၊
လာဘသက္ကာ​ရကာ​မော စ။
အဟိရိ​ကော အ​နောတ္တပ္ပီ၊
ပါပိ​စ္ဆော စ မိစ္ဆာဒိဋ္ဌိ။(ဆရာစဉ်​ဆက်​)
(​ဆောင်​)
ချီးမွမ်း-ကဲ့ရဲ့, လာဘ်​-သက်​​မျှော်​နေ၊
ရှက်​-​ကြောက်​မရှိ, လိုဆိုးရှိ​လေ၊
အယူလွဲမှား, အင်္ဂါရှစ်​​ထွေ၊
တည်​ရှိငြား, ​ဖော်​များ မချစ်​​ပေ။

၁။ အပ္ပိယပသံသီ-
မချစ်​ခင်​ထိုက်​သူကို ချီးမွမ်းခြင်း
၂။  ပိယဂရဟီ -
ချစ်​ခင်​ထိုက်​သူကို ကဲ့ရဲ့ခြင်း
၃။ လာဘကာမော-
လာဘ်​လာဘကို လိုလားခြင်း
၎။  သက္ကာရကာမော-
ပူ​ဇော်​သက္ကာရကို လိုလားခြင်း
၅။  အဟိရိကော-
အရှက်​မရှိခြင်း
၆။  အနောတ္တပ္ပီ-
အ​ကြောက်​မရှိခြင်း
၇။ ပါပိစ္ဆော-
ယုတ်​မာ​သောအလိုရှိခြင်း
၈။  မိစ္ဆာဒိဋ္ဌိ-
မှား​သောအယူရှိခြင်း
############

သီတင်​သုံး​ဖော်​တို့ ချစ်​မြတ်​နိုး​သောရဟန်း၏ အင်္ဂါ(၈)ပါး
********
အဋ္ဌဟိ, ဘိက္ခဝေ, ဓမ္မေဟိ သမန္နာဂတော ဘိက္ခု သဗြဟ္မစာရီနံ ပိယော စ ဟောတိ မနာပေါ စ ဂရု စ ဘာဝနီယော စ။ ကတမေဟိ အဋ္ဌဟိ? ဣဓ, ဘိက္ခဝေ, ဘိက္ခု န အပ္ပိယပသံသီ စ ဟောတိ, န ပိယဂရဟီ စ, န လာဘကာမော စ, န သက္ကာရကာမော စ, ဟိရီမာ စ ဟောတိ, ဩတ္တပ္ပီ စ, အပ္ပိစ္ဆော စ, သမ္မာဒိဋ္ဌိ စ။ ဣမေဟိ ခေါ, ဘိက္ခဝေ, အဋ္ဌဟိ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု သဗြဟ္မစာရီနံ ပိယော စ ဟောတိ မနာပေါ စ ဂရု စ ဘာဝနီယော စာ’’တိ။
**********
အဋ္ဌဓမ္မေဟိ သမ္ပ​န္နော၊
ပိ​ယော သဗြဟ္မစာရီနံ။
ဟောတိ ​စေဝ မနာပေါ စ၊
ဂရု​ကော ဘာဝနီယော စ။ (ဝတ္တဂါထာ)

ကတမေဟိ စ အဋ္ဌဟိ?
သာသ​နေ ဘိက္ခဝေ ဘိက္ခု။
ပသံသီ ​ဟောတိ နာပ္ပိယံ၊
န ပိယံ ဂရဟီ ​ဟောတိ။(ဝိပရိပထျာဝတ္တ)

လာဘသက္ကာရကာ​မော န၊
ဟိရီမာ ​ဟောတိ သြတ္တပ္ပီ။
သမ္မာဒိဋ္ဌိ အပိစ္ဆော စ။
ဣမေဟိ အဋ္ဌဓ​မ္မေဟိ။ (ဝတ္တဂါထာ)

ဂါထာအနက်
အဋ္ဌဓမ္မေဟိ-ရှစ်​ပါး​သောတရားတို့နှင့်​၊ သမ္ပ​န္နော-ပြည့်​စုံ​သောရဟန်းသည်​။
သဗြဟ္မစာရီနံ-သီတင်းသုံး​ဖော်​တို့၏။
ပိ​ယော ​စေဝ-ချစ်​အပ်​သူသည်​လည်း​ကောင်း၊
မနာပေါ စ-မြတ်​နိုးအပ်​သူသည်​လည်း​ကောင်း၊
ဂရု​ကော စ-အ​လေးဂရုပြုအပ်​သူသည်​လည်း​ကောင်း၊
ဘာဝနီယောစ- စိတ်​နှလုံးကို ပွား​စေတတ်​သူသည်​လည်း​ကောင်း၊ ဝါ-ချီးမွမ်းထိုက်​သူသည်​လည်း​ကောင်း၊
ေ​ဟာတိ-ဖြစ်​၏။

ကတမေဟိ စ အဋ္ဌဟိ-အဘယ်​ရှစ်​ပါးတို့နည်း ဟူမူကား။
ဘိက္ခဝေ-ရဟန်းတို့။
သာသ​နေ-သာသနာ​တော်​၌၊
ဘိက္ခု-ရဟန်းသည်​။
အပ္ပိယံ-မချစ်​အပ်​သူကို။
ပသံသီ စ-ချီးမွမ်း​လေ့ရှိသည်​လည်း၊
န ​ဟောတိ-မဖြစ်​။
ပိယံ-ချစ်​အပ်​သူကို၊
ဂရဟီ စ-ကဲ့ရဲ့​လေ့ရှိသည်​လည်း၊
န ​ဟောတိ-မဖြစ်​။

လာဘကာ​မော စ-ပစ္စည်းလာဘ်​ကို လိုလား သည်​လည်း၊
န ​ဟောတိ-မဖြစ်​။
သက္ကာရကာ​မော စ-ရို​သေသမှု ​ကောင်းစွာပြုစုမှုကို လိုလားသည်​လည်း​၊
န ​ဟောတိ-မဖြစ်​။
ဟိရီမာ စ-အကုသိုလ် ဒုစရိုတ်​ ပြုလုပ်​ခြင်းမှ ရှက်​ခြင်းရှိသည်​လည်း၊
ဟောတိ-ဖြစ်​၏။
သြတ္တပ္ပီ စ-အကုသိုလ် ဒုစရိုတ်​မှ ​ကြောက်​ခြင်းရှိသည်​လည်း၊
ဟောတိ-ဖြစ်​၏။
အပိစ္ဆော စ-နည်း​သော အလိုရှိသည်​လည်း​၊
ဟောတိ-ဖြစ်​၏။
သမ္မာဒိဋ္ဌိ စ-​ကောင်းမြတ်​မှန်​ကန်​​သော အယူရှိသည်​လည်း​၊
ဟောတိ-ဖြစ်​၏၊
ဣ​မေဟိ အဋ္ဌဓမ္မေဟိ-ဤတရားရှစ်​ပါး​တို့တည်း။
########

(​​ဆောင်​)
မချီးမမွမ်း-မကဲ့ရဲ့​ပေ၊
လာဘ်​-သက်​မ​မျှော်​, ရှက်​-​ကြောက်​ရှိ​နေ၊
အလိုနည်းလျက်​, ယူလည်းမှန်​​လေ။
ဤရှစ်​ပါး ချစ်​ကြ အ​ဖော်​​တွေ။

၁။ န အပ္ပိယပသံသီ-
မချစ်​ခင်​ထိုက်​သူကို မချီးမွမ်းခြင်း
၂။  န ပိယဂရဟီ -
ချစ်​ခင်​ထိုက်​သူကို မကဲ့ရဲ့ခြင်း
၃။ န လာဘကာမော-
လာဘ်​လာဘကို မလိုလားခြင်း
၎။  န သက္ကာရကာမော-
ပူ​ဇော်​သက္ကာရကို မလိုလားခြင်း
၅။  ဟိရီမာ-
အရှက်​ရှိခြင်း
၆။  ဩတ္တပ္ပီ-
အ​ကြောက်​ရှိခြင်း
၇။ အပ္ပိစ္ဆော-
အလိုနည်းခြင်း
၈။ သမ္မာဒိဋ္ဌိ-
အယူမှန်​ခြင်း
********
TetkatholSarthinthar (11:10:2018)

No comments:

Post a Comment