Sunday, October 7, 2018

၁။ ​မေတ္တာဝဂ်​ဆိုင်​ရာ အလင်္ကာများ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)

၁။ ​မေတ္တာဝဂ်​ဆိုင်​ရာ အလင်္ကာများ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
*******
မေတ္တံ ပညာ စ ဒွေ ပိယာ,
ဒွေ လောကာ ဒွေ ဝိပတ္တိယော၊
ဒေဝဒတ္တော စ ဥတ္တရော,
နန္ဒော ကာရဏ္ဍဝေန စ။
#######
၁။ မေတ္တာသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
မေတ္တာပွားကျိုး(၈)မျိုး
*******
(​ဆောင်​) အိပ်​ခြင်းချမ်းသာ,နိုးချမ်းသာ, 
ကောင်းတာ မြင်​မက်​ကြ။
လူချစ်​-နတ်​ချစ်​, နစ်​​စောင့်​လစ်​,
ဘေးဖြစ်​ ကင်းရ ဗြဟ္မာဘဝ။
(တနည်း)
ချမ်းသာ-အိပ်​-နိုး, အိပ်​မက်​ဆိုးကင်း,ချစ်​-​စောင့်​ခြင်း, ​ဘေးကင်း ဗြဟ္မာပြည်​။
###########

၂။ ပညာသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
ပညာဖြင့်​ တရားထူးရ​ကြောင်း(၈) ပါး
(ပညာတိုးပွား​ကြောင်း(၈)ပါး)
*******
(​ဆောင်​) မှီ-​မေး-ကင်းကွာ, သီလဝါ, သုတာ အာရဒ္ဓ။
ဆိတ်​ဆိတ်​​နေမှု, ဖြစ်​ပျက်​ရှု, နှစ်​ခု သရုပ်​ပြ။
မရပညာ, ရဖိုရာ, ရံခါ တိုးဖို့ပ။
##########

၃။ ပဌမအပ္ပိယသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
ပဌမအပ္ပိယသုတ်​လာ
သီတင်​သုံး​ဖော်​တို့ မချစ်​မမြတ်​နိုး​သောရဟန်း၏ အင်္ဂါ(၈)ပါး

(​ဆောင်​) ချီးမွမ်း-ကဲ့ရဲ့, လာဘ်​-သက်​​မျှော်နှင့်​၊ ရှက်​-​ကြောက်​မရှိ, လိုဆိုးရှိ၍, အရှိယူမှား, အင်​ရှစ်​ပါး ရှိငြား မချစ်​ရ။
########

၎။ ဒုတိယအပ္ပိယသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
ဒုတိယအပ္ပိယသုတ်​လာ
သီတင်​သုံး​ဖော်​တို့ မချစ်​မမြတ်​နိုး​သောရဟန်း၏ အင်္ဂါ(၈)ပါး

(​ဆောင်​)လာဘ်​-သက္ကာ​မျှော်​, ထင်​ကြီး​မျှော်​လျက်​, အချိန်​မသိ-တိုင်းမသိနှင့်​၊ မစင်​ကြယ်​ငြား, စကားများ၍ ဆဲဆိုတတ်​ငြား,အင်​ရှစ်​ပါး အများ မချစ်​ကြ ဒုတိယ။

လာဘကာ​မော စ သက္ကာ​ရော၊
အနဝညတ္တိ ကာလညူ။
အမတ္တညူ အသုစိ စ၊
ဗဟုဘာဏီ အ​က္ကောသ​ကော။
########

၅။ ပဌမလောကဓမ္မသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
လောကဓံတရား(၈)ပါး

(​ဆောင်​) လာဘ-ယသ, ပသံသ, သုခ ​​လေးစုံပြ ​လောကဓမ်​ရှစ်​ရ။

လာဘ-အလာဘ
ယသ-အယသ
နိန္န-ပသံသ
သုခ-ဒုက္ခ, ​လောကဓံရှစ်​ဝ။
#########

၆။ ဒုတိယ​လောကဓမ္မသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
(​ဆောင်​) လာဘ-ယသ, ပသံသ, သုခ ​​လေးစုံပြ ​လောကဓမ်​ရှစ်​ရ။

လာဘ-အလာဘ
ယသ-အယသ
နိန္န-ပသံသ
သုခ-ဒုက္ခ, ​လောကဓံရှစ်​ဝ။
#######

၇။ ဒေဝဒတ္တဝိပတ္တိသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
အရှင်​​ဒေဝဒတ်​ ငရဲကျ​ကြောင်း (၈)ပါး

(​ဆောင်​) လာဘ-ယသ-သက္ကာရနှင့်​၊ ပါပ-မိတ္တ​, ​လေးစုံပြ, ​ဒေဝဒတ္တ ငရဲကျ။

လာဘ-အလာဘ
ယသ-အယသ
သက္ကာရ-အသက္ကာရ
ပါပိစ္ဆာ-ပါပမိတ္တ။
#########

၈။ ဥတ္တရဝိပတ္တိသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
အရှင်​​ဒေဝဒတ်​ ငရဲကျ​ကြောင်း (၈)ပါး

(​ဆောင်​) လာဘ-ယသ-သက္ကာရနှင့်​၊ ပါပ-မိတ္တ​, ​လေးစုံပြ, ​ဒေဝဒတ္တ ငရဲကျ။

လာဘ-အလာဘ
ယသ-အယသ
သက္ကာရ-အသက္ကာရ
ပါပိစ္ဆာ-ပါပမိတ္တ။
#########

၉။ နန္ဒသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
(​ဆောင်​) ကုလပုတ္တာ, ဗလဝါနှင့်​၊
ပါသာဒိက, တိဗ်​ရာဂ, နန္ဒ​လေးမည်​ရ။
ဣန်​-​ဗော-ဇာနှင့်​၊ သတိသမ္ပဇဉ်​, ပြည့်​စုံယှဉ်​, ကျင့်​ထင်​ ဗြဟ္မစရိယ။
##########

၁၀။ ကာရဏ္ဍဝသုတ်​ (အဂုင်္တ္တိုရ်​၊အဋ္ဌကနိပါတ်​)
********
(​ဆောင်​) ဒူသီ-ပလာသ, ကာရဏ္ဍ, သုံးဝ သမဏ။
မု​ယောအဖျင်း, စပါးဖျင်း, လုပ်​ခြင်း ​ရေတံ​လျှောက်​။
လိုဆိုး-အမျက်​, ​နောက်​​ချေဖျက်​, ကြမ်းခက်​ ဂုဏ်​ပြိုင်​တတ်​။
ဣဿာ-မ​စ္ဆေ, စဉ်းလဲ​ပေ, ရှစ်​​နေ ​ပေါင်း​ဖော်​သိ။

မေတ္တာဝဂ်​ဆိုင်​ရာ အလင်္ကာပြီး၏။
##########
အဂုင်္တ္တိုရ်​အလင်းအိမ်

No comments:

Post a Comment